သူမဆီသို့ လွင့်စင်သွားသော နွေ

Published by . . လင်းခေတ်ဒီနို . . under on 9:36 AM
လေစိမ်းတွေတိုက်တိုင်း
အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း
ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ
တမ်းတမ်းတတစွဲလမ်းမိတယ် ။

တောင်တန်းတွေတောင်အသက်မရှိပဲ
တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ
နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက
တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။

နွေပျိုရဲ့ည
ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း
စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း
နင့်ပုံရိပ်တွေတမ်းတရင်း
လရောင်ချည်တိုင်အောက်က
ပြေးမထွက်နိုင်တဲ့ကြယ်လေးလို
နင်ငါ့ကို ဖမ်းစားခဲ့ပေါ့
ကောင်မလေးရယ်။

အနေဝေးရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ
နင့်ရဲ့ အတိတ်မှာ
ငါမကျန်ခဲ့ပါရစေနဲ့
နင့်မျက်နှာ ၀င်းပပလေး
ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။

လင်းခေတ်ဒီနို ( 6.6.12 )

27 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said... @ June 6, 2012 at 11:17 AM

အဲဒီမျက်နှာဝင်းပပလေးကိုပဲ ငေးကြည့်ခွင့်ရချင်တယ်ဗျာာ


မောင်ဘကြိုင်

စံပယ်ချို said... @ June 6, 2012 at 2:02 PM

အနေဝေး ရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့ စကားလုံးတွေနဲ့အတူ----
ရှိနေမဲ့အစားအချိန်ရှိတုန်းလေး မြန်မြန်သာဖွင့်ပြောလိုက်ပါ
ဒီတခါကဗျာလေးက ချစ်ရသူအတွက်သီးသန့်ကဗျာလေးထင်ပါရဲ့နော်

မိုးငွေ့........ said... @ June 6, 2012 at 3:50 PM

ဒီတခါကဗျာလေးက ရိုးစင်းလှချေလား အသုံးတွေက...။ သနားခါးပါးကွက်နဲ့ကောင်မလေးတစ်ယောက်လိုပဲ...။

မြသွေးနီ said... @ June 6, 2012 at 4:18 PM

ရွှေမိုးညိုတာ ကြိုက်ပေသိ
လျှပ်ပန်းတွေနွယ်ပြီး မိုးတွေထစ်ချုန်းတာတော့
အင်မတန်ကို ကြောက်၏။

မြသွေးနီ said... @ June 6, 2012 at 4:20 PM

သူငယ်ချင်းလို့ ခေါင်းစဉ်တပ်ထားတော့...
သူငယ်ချင်းလေးအတွက်ဆိုတာ သေချာနေပြီပေါ့...။

(ပထမ ကွန်မန့်လေး ၀င်းဒိုးမှားရေးမိလို့ ဖျက်ပေးပါဦးနော်)

မြသွေးနီ said... @ June 6, 2012 at 4:20 PM

သူငယ်ချင်းလို့ ခေါင်းစဉ်တပ်ထားတော့...
သူငယ်ချင်းလေးအတွက်ဆိုတာ သေချာနေပြီပေါ့...။

(ပထမ ကွန်မန့်လေး ၀င်းဒိုးမှားရေးမိလို့ ဖျက်ပေးပါဦးနော်)

ပျိုးယုဝသုန် said... @ June 6, 2012 at 7:22 PM

ရှင်းရှင်းလေးနဲ့ လှတဲ့ ကဗျားလေး ..

နွေတေးရှင် (မင်းဧရာ) said... @ June 6, 2012 at 8:30 PM

အကိုလင်းခေတ်...
ဖြစ်နိုင်ရင် ကဗျာ တွေကိုများများရေးစေချင်တယ် ဘာရယ်မဟုတ်ပါဘူး ကျွန်တော်သိပ်ကြိုက်တဲ့အထဲမှာ အကိုရယ် ပြီးတော့ ကိုမိုးဇက်အိမ် ရယ် အဲဒီနှစ်ယောက်လုံးကလည်း ကဗျာ အရေးကျဲတဲ့ သူတွေချဥ့်ဖြစ်နေတော့ တော်တော်မျှော်ရတယ်ဗျာ ကိုမိုးဇက်အိမ်ဆို ရေးတောင် မရေးတော့ဘူး အဲတော့ အကိုတစ်ယောက်တည်းပဲရှိတော့လို့ပါ။

san htun said... @ June 7, 2012 at 6:06 AM

မျက်နှာ ဝင်းပပလေးကို ငေးကြည့်နေခွင့် မျှော်လင့်မိတယ်ဂျာ...

ယွန်း said... @ June 8, 2012 at 11:33 AM

ဗညားရေ.. . ဘူလေးလဲ ...အဲဒါဘူလေးလဲ ... ဟီဟိ

ခနွဲ said... @ June 8, 2012 at 2:05 PM

တောင်တန်းတွေတောင် အသက်မရှိပဲ
တန်ပြန် ပဲ့တင်သံ ရှိသေးတာပဲ
နှလုံးသားရှိတဲ့ သူတစ်ယောက်ဆီက
တန်ပြန် ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။

အဲဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲ ခင်ဗျာ.....

ဆူးသစ် said... @ June 10, 2012 at 6:02 PM

အယူအဆနဲ့ စကားလုံးလှတယ်ဗျာ။ လရောင်ချည်တိုင်အောက်က ပြေးမထွက်နိုင်တဲ့ ကြယ်ဆိုတာရယ်၊ နွေပျိုဆိုတာရယ်၊ တောင်တန်းမှာ ပဲ့တင်သံရှိတာနဲ့ လူဆီက ပဲ့တင်သံမရှိတာရယ် ဆိုတဲ့စာသားတွေကို ကြည့်ရင် ဒီကဗျာကို လွယ်လွယ်မရေးဘူးလို့ သိမိတယ်။ ခံစားချက်ရယ်၊ ပညာရယ် ပေါင်းမှကဗျာကောင်းထွက်တာ။ ဒါပေမဲ့ ပါရမီဆိုတာလည်း လိုသေးတယ်ဗျ။ ခင်ဗျားက ပါရမီပါရှိတာ။ ဆရာအောင်သင်းက ဆရာမောင်စိန်ဝင်း( ပုတီးကုန်း )ကဗျာကို ဖတ်ပြီး တပေါင်းနွေ ချောင်းရေကို ငုံ့အသောက် ဆိုတာကို ထောက်ပြတယ်။ အဲဒီအတွေး၊ အဲဒီအရေးက ပါရမီရှိသူဆီပဲလာတာတဲ့ဗျ။ ဆရာအောင်သင်းက သူ့လိုလူဆီ မလာဘူးတဲ့။ အခုလည်း အဲဒီလိုပဲ။ အဲဒီစာလုံးတွေက ခင်ဗျားဆီမှာ ရှိနေတာ။ ကောင်းတယ်။ ဆက်ရေးပါဦးဗျာ။

Angelhlaing(May everybody be happy and healthy! said... @ June 15, 2012 at 1:08 PM

အနေဝေး ရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့ စကားလုံးတွေနဲ့အတူ
နင့် ရဲ့ အတိတ်မှာ
ငါ မကျန်ခဲ့ပါရစေနဲ့
နင့် မျက်နှာ ၀င်းပပလေး
ငါ ငေး ကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။

နှုတ်နည်းနေလို့...နောက်ကျန်ခဲ့အုံးမယ် ..ရဲဘော် သတိ..:):)

eimon said... @ June 18, 2012 at 9:58 AM

အနေဝေး ရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့ စကားလုံးတွေနဲ့အတူ
နင့်ရဲ့အတိတ်မှာ
ငါ မကျန်ခဲ့ပါရစေနဲ့

အရမ်းကိုကောင်းပါတယ် ခံစားချက်တွေနဲ့လည်း
ထပ်တူခံစားရလွန်းလို့ ....အခုမှလေ.. သူ့ကိုဖွင့်မပြောခဲ့မိတာအတွက်နောင်တရနေမိတယ်

သိ င်္ဂါ ရ said... @ June 18, 2012 at 1:20 PM

အနေဝေး ရေမြေတွေ ခြားနေပေမဲ့

မဖွင့်ဟမိတဲ့ စကားလုံးတွေနဲ့အတူ ...

အဲဒါ ... တော်တော် လေ ဖို့ ကောင်းတယ် ... :)

phung bella said... @ June 22, 2012 at 5:13 PM
This comment has been removed by a blog administrator.
Anonymous said... @ June 24, 2012 at 4:02 PM

ကဗျာလေးက လှလိုက်တာ ...
ခင်ဗျားဆီ လာရင်တော့ ကျုပ်ကဗျာပြန်ရေးချင်စိတ် ပေါက်လာတတ်တယ် ...
ဒါပေမယ့် ရေးလို့ကို မထွက်ဘူးဗျာ ...

ခင်တဲ့
ညလင်းအိမ်

Khaing Thazin said... @ June 26, 2012 at 11:00 AM

သူငယ်ချင်းရဲ့ သူငယ်ချင်းကဗျာတွေ လာဖတ်သွားတယ်နော်။

ပန်းကဗျာ said... @ June 26, 2012 at 11:38 AM

သူငယ်ချင်းကဗျာလေး လာဖတ်ပါတယ် ကိုဗညားရေ မတွေ့တာကြာပေါ့

phung bella said... @ June 29, 2012 at 10:41 AM

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Mary Grace said... @ June 29, 2012 at 2:25 PM

Hi your blogs looks so impormative and interesting.would you come and visit us back too
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

မြတ်နိုးသူ(MUFL) said... @ August 13, 2012 at 10:59 AM

လေစိမ်းတွေတိုက်တိုင်း
အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း
ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ
တမ်းတမ်းတတစွဲလမ်းမိတယ်
ကဗျာလေးခံစားအားပေးသွားပါတယ်

kiim said... @ August 13, 2012 at 9:17 PM

ကဗျာကောင်းလေးလာဖတ်သွားပါတယ်..

Theigara said... @ August 14, 2012 at 5:43 PM

မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့တော့ ကျန်မနေစေနဲ့နော်..
မြန်မြန် ဖွင့်ဟလိုက်.. :P

လရိပ်အိမ် said... @ August 30, 2012 at 10:12 AM

ရေးထားတဲ့စကားလုံးတိုင်းကြိုက်တယ်။ လှပလွန်းလို့လေ။

mstint said... @ August 31, 2012 at 10:21 AM

နူးညံ့တဲ့စာသားလေးတွေနဲ့ ဖွဲ့နွဲ့ထားတဲ့ ကဗျာလေးကို ဖတ်ဖူးခဲ့တယ် ကွန်မန့်ကိုအခုမှ ပေးဖြစ်တယ် ဗညားရေး) ကဗျာတစ်ပုဒ်ဖြစ်တည်ဘို့ရာ ရိုးစင်းတယ်လို့ထင်ရပေမဲ့ လက်တွေ့မှာ စာတစ်ကြောင်းဖြစ်ဘို့ ခက်ခဲတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said... @ October 4, 2012 at 2:03 PM

ရိုးရိုးလေးပြောမယ်ကြိုက်တယ်ဗျာ

Post a Comment