Tuesday, June 1, 2010

ချောကလက်ရောင် အလွမ်း

.
ကိုယ့်ဘုရင်မ
ကိုယ့်ကို ပြန်ချက်တဲ့ ကစားကွက်မှာ
အကွက်မရွှေ့ရပဲ
ငါဟာ နန်းချခံလိုက်ရတယ် . . . . . .

တပင်တိုင်ပါပဲ . . . . . .
အစကိုလည်း သူပဲ ထွတ်ခဲ့ပြီး
အဆုံးကိုလည်း သူပဲ သတ်ခဲ့တယ် . . . . . .

သေစားသေစေ အမိန့်စာတမ်း
ငါ့ရင်ဘတ်ကို
မင်းဘယ်တော့ ပို့မှာလဲ . . . . . .

သေလောက်အောင်ပါပဲ . . .
ငါ့ကဗျာတွေ
ကမ္ဘာထဲက ခဏ ခဏ
ပျောက်ဆုံးနေတယ် . . . . .

လှလွန်းလို့ ထင်ပါ့ . . .
ငါ့နှလုံးသာတွေတောင် မျက်မှောင်ချလို့ . . . . .

မှော်ဝင်လွန်းနေတဲ့
မင်းအပြုံးတွေအောက်မှာ
ငါ့ ထစ်ချုန်းသံတွေ အပုံလိုက်ကြီး
ကြွေ ကြွေကျသွားတယ်. . . .

ဖြုတ်မသွားခင်ကတည်းက
ရုတ်သွားတဲ့ လက်
ငါ့ အိမ်မက်ကြီး တခုလုံးကို
ဆွဲခါချသွားတယ်
ကျလာလိုက်တဲ့
ချောကလက်ရောင် အလွမ်းတွေ
မင်းနာမည်ခေါ်ရင်း
မိုးစုန်စုန် ချုပ်လို့ . . . . . .

မင်း ပြန်မလာတဲ့ ညတွေထဲ
ငါ့ကိုယ်ငါ ခါးခါးသီသီး ဖျော်ချရင်း
အလွမ်းတွေနဲ့ မျောနေဆဲပါ
" အိမ့်ဖြူ " ရယ် . . . . . . .

လင်းခေတ်ဒီနို ( 1.6.10 ၊ 83း0 AM )

10 comments:

ဒဏ္ဍာရီ said...

မင်္ဂလာပါ မောင်လေးရေ... ကဗျာလေးတွေက ခံစားချက်တွေ အပြည့်နဲ့မို့ ရေးထားသမျှ စကားလုံးတိုင်း ရင်ထဲ ရောက်ပါတယ်။
ပျော်ရွှင်ပါစေနော်...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

သဒ္ဓါလှိုင်း said...

ကဗျာလေးကကောင်းလိုက်တာ..။အပြည့်အ၀ခံစားသွား
ပါတယ်လင်းခေတ်ရေ..။
နေကောင်းတယ်နော်..။

ခင်တဲ့
သဒ္ဓါ

သိင်္ဂါကျော် said...

ငါ့ကိုယ်ငါ ခါးခါးသီသီး ဖျော်ချရင်း
အလွမ်းတွေနဲ့ မျောနေဆဲပါ

စာသားလေးတွေ သဘောကျသွားပါတယ်..

chocothazin said...

ကိုယ့်ဘုရင်မ
ကိုယ့်ကို ပြန်ချက်တဲ့ ကစားကွက်မှာ
အကွက်မရွှေ့ရပဲ
ငါဟာ နန်းချခံလိုက်ရတယ် . . . . . .

ပထမဆုံး စာလုံးတွေကတင် အရမ်းကို ကောင်းနေတယ်။
လင်းခေတ်ရေ... မရောက်တာ ကြာပြီဟေ့။

မြတ်မွန် said...

ချောကလက်ရောင် အလွမ်းဆိုတော့..
တော်တော်ခါးမယ်နော်..။

~ဏီလင်းညို~ said...

ဗညားရေ.......၊ လင်းခေတ်ဒိုင်နိုဆောရေ......

ချောကလက်လည်း.........တစ်ခါတလေစားဖြစ်တယ်......
(သူများကျွေးမှလေ......း))
လွမ်းတာတော့....... စာတွေထဲမှာပဲ......း))

(ဒီတစ်ခါနာမည်ပါလာတယ်.......ကဗျာထဲမှာ.....း))

ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ဘာမှကို မပြောချင်တော့ဘူး ...
နာလည်း စိတ်ညစ်လာပြီ ...
ကဗျာတွေလည်း မရေးချင်တော့ဘူး ...

အင်ကြင်းသန့် said...

ဗညားရေ...
လာလည်ခါမှ ဒီကဗျာလေးနဲ့ တည့်တည့်တိုးနေတော့ ငိုချင်စိတ်တောင်ပေါက်သွားတယ်...ဟုတ်တယ်နော်....ခါးမှန်းသိပေမယ့်လည်း အလွမ်းတွေနဲ့ပဲ ကိုယ့်ကိုကိုယ် အမြဲတမ်းဖျော်ချနေမိတတ်ကြတယ် :((

blackroze said...

နာမည်လေးကချစ်စရာလေးပါလား..ကိုလင်းခေတ်

မိုးငွေ့...... said...

“မှော်ဝင်လွန်းနေတဲ့
မင်းအပြုံးတွေအောက်မှာ
ငါ့ ထစ်ချုန်းသံတွေ အပုံလိုက်ကြီး
ကြွေ ကြွေကျသွားတယ်. . . .”
ဗညားတို့ကတော့ တစ်ခါတစ်ခါပေါ်လာတိုင်း စကားလုံးတွေနဲ့ (အလဲ့...ဒီတစ်ခါတော့ နာမည်နဲ့ပါလား) ကိုင်လှုပ်သွားနိုင်တယ်..မောင်တူးတစ်ယောက်အိမ်လည်ရင်း ရင်ဖွင့်သွားသေးတယ် ကြည့်စမ်း...။

ခင်မင်စွာဖြင့်
မိုးငွေ့